ဟိတောပဒေသ [ပါရဂူ]

ပါရဂူ

ဟိတောပဒေသ [ပါရဂူ]

13000 MMK
Out of stock
Publisher
ISBN
Pages
292
Wishlist View cart

ပိုးကောင်သည် ပန်းပွင့်နှင့် အတူနေခြင်းကြောင့် လူကြီးလူကောင်းတို့၏ ဦးခေါင်းထက်သို့ ရောက်ရလေ၏။ ကျောက်တုံးကျောက်ခဲသည် လူကြီးလူကောင်းတို့ တည်ထားကိုးကွယ်ခြင်းကြောင့် နတ်အဖြစ်သို့ ရောက်ရလေ၏။

အရှေ့နေထွက်ရာ ဥဒည်တောင်၏အထည်ကိုယ်ဒြပ်သည် နေရောင်ဟပ်သဖြင့် တောက်ပနေ၏။ ထို့အတူပင် အမျိုးညံ့သူပင် ဖြစ်လင့်ကစား သူတော်သူမြတ်တို့နှင့် ပေါင်းဖက်ရလျှင် ထင်ရှားကျော်စောနိုင်၏။

ဂုဏ်သည် ဂုဏ်ကို သိတတ်သူတို့အတွက် ဂုဏ်ဖြစ်သော်လည်း ဂုဏ်မဲ့သူ လူမိုက်တို့အတွက်မူ အပြစ်ဖြစ်ကုန်၏။ မြစ်ရေချိုသည် သမုဒ္ဒရာသို့ စီးဝင်သွားသောအခါ အရသာ ပျက်သွားလေ၏။

ထို့ကြောင့် ကျွန်ုပ်၏ သားတော်တို့ကို

နီတိပညာ သင်ကြားပြသပေးရန် သင်သုခမိန်အား လွှဲအပ်ပါ၏။

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.